မြတ်ပဌာန်း
အံ့မခန်း ရွတ်ဖတ်ပူဇော်
ငွေရတုနော် ရောက်ခဲ့လို့လာ။
သုဓမ္မဝတီကျောင်းတော်ဆီမှ
ဆရာ ဒကာ ညီညာလက်တွဲ
ထူးကဲသည့် ဒေသနာ
မဟာပဌာန်းရွတ်ခဲ့ချိန်စစ်က
နှစ်ဆယ့်ငါးနှစ် ငွေရောင်လွှမ်းရစ်
အခြေမြစ်အလွန်ခိုင်ခံ့။
ထွန်းသာ မကျီးကုန်း
ပေါင်းစုပြုံးကာ ဆင်ယဉ်နွဲ
တူတွဲပျော် ဘယ်မခွဲ
ကောင်းမှုတော် တူစုံတဲ့ပွဲ။
ဆရာတော်ဘုရား ဦးဆောင်ထားလို့
တပည့်ရင်သား ညီညွတ်စုံစွာ
ဒကာ ဒကာမလည်း စုံစီလှတာ
ရှေ့ဆက်လျှောက်ခါ ရတုဆက်မှာ
သံသရာကောင်းကျိုး လိုလားများသူငါ။
မြတ်ဘုရား ဟောကြား
ပဌာန်းဒေသနာ
တို့ရွာတစ်ရိုး သင်းပျံ့စေကာ
ရနံ့သင်းသင်း ဆက်ဆက်လွင့်ရာ
တို့အားလုံး မခွဲညီစို့ကွာ။ ။
အညာသား(ငါန်းဇွန်)
အညာသားကိုအားပေးကြအုန်းနော်
ReplyDeleteအညာသားကိုအားပေးကြအုန်းနော်
ReplyDelete